ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၃ မေ ၅၊ ဗကသ


ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ကာ လူ့ဘောင်သစ်‌ဒီမိုကရက်တစ်ပါတီ (DPNS) နှင့် လူ့ဘောင်သစ်လူငယ် (YNS) တို့ ပူးပေါင်း၍ ဗကသရဲဘော် ကိုကောင်းဆက်ပိုင် အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်သူများကို အကြမ်းဖက် ဖက်ဆစ်တပ်က မတရားဖမ်းဆီး သေဒဏ်ချမှတ်နေမှုများအား ပြင်းပြင်းထန်ထန် ဆန့်ကျင်သည့်အနေဖြင့် ယနေ့ မေလ ၅ ရက်နေ့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။








အဆိုပါလှုပ်ရှားမှုကို "တော်လှန်ရေးသမားကို သေဒဏ်ချရုံနဲ့ တော်လှန်ရေးက သေဒဏ်မကျဘူး" စာသားပါဘန်နာအား ကိုင်စွဲ၍ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ မြေပြင်တာဝန်ခံ ကိုကောင်းဆက်ပိုင်အား ဧပြီလ ၂၅ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက မတရားသေဒဏ် အမိန့်ချမှတ်ထားခဲ့သည်။








သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#ဗကသ #abfsu #ကိုကောင်းဆက်ပိုင် #KoKaungSatPaing #သေဒဏ် #DeathPenalty #WhatHappeningInMyanmar

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ