ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၃ မေ ၃၊ ဗကသ


ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ကာ North Dagon Oppressed People's Strike Colition - NDOPSC နှင့် ပူးပေါင်း၍ ဗကသရဲဘော် ကိုကောင်းဆက်ပိုင် အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်သူများကို အကြမ်းဖက် ဖက်ဆစ်တပ်က မတရားဖမ်းဆီး သေဒဏ်ချမှတ်နေမှုများအား ပြင်းပြင်းထန်ထန် ဆန့်ကျင်သည့်အနေဖြင့် ယနေ့ မေလ ၃ ရက်နေ့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။






အဆိုပါလှုပ်ရှားမှုကို "တော်လှန်ရေးသမားကို သေဒဏ်ချရုံနဲ့ တော်လှန်ရေးက သေဒဏ်မကျဘူး" စာသားပါဘန်နာအား ကိုင်စွဲ၍ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ မြေပြင်တာဝန်ခံ ကိုကောင်းဆက်ပိုင်အား ဧပြီလ ၂၅ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက မတရားသေဒဏ် အမိန့်ချမှတ်ထားခဲ့သည်။






သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#ဗကသ #abfsu #ကိုကောင်းဆက်ပိုင် #KoKaungSatPaing #သေဒဏ် #DeathPenalty #WhatHappeningInMyanmar