ရန်သူ့တပ်သားများ ပြည်သူ့ဘက်သို့ ကူးပြောင်းခိုလှုံကြရန် လှုံ့ဆော်လှုပ်ရှားမှုများကို ဗကသနှင့် မဟာမိတ်များက ရန်ကုန်နှင့် မန္တလေးတို့၌ ပြုလုပ်

၂၀၂၃ စက်တင်ဘာ ၆၊ ဗကသ

စစ်ကောင်စီ၏ လက်အောက်ခံတပ်သားများ ပြည်သူ့ဘက်သို့ ကူးပြောင်းခိုလှုံကြရန် CDM လှုပ်ရှားမှု၌ ပါဝင်ကြရန် စည်းရုံးလှုံ့ဆော်သည့် လှုပ်ရှားမှုများအဖြစ် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် လက်ကမ်းစာစောင် ၂၃၀၀ ကျော် ဖြန့်ဝေခဲ့ပါသည်။


အဆိုပါလှုပ်ရှားမှုများကို ဖက်ဆစ်တပ်၏ ဖိနှိပ်မှုများ ပြင်းထန်တင်းကြပ်နေသည့်ကြားမှ စက်တင်ဘာလ ၆ ရက်နေ့၌ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် ပြည်သူ့ရင်ခွင် (People’s Embrace)၊ Kyimyindaing Networks - K.M.D18)၊ Mayangone Democratic Front (M.D.F) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။


ရန်ကုန်မြို့၌ မရမ်းကုန်း၊ တာမွေ၊ စမ်းချောင်း၊ ဆူးလေ၊ ပန်းပဲတန်း၊ ကျောက်တံတား၊ မင်္ဂလာဒုံစစ်ဈေး ပတ်ဝန်းကျင်တို့တွင် ဖြန့်ဝေခဲ့ပြီး မန္တလေးမြို့၌ ဦးပိန်တံတား၊ မဟာမြတ်မုနိဘုရားကြီး၊ နန်းတွင်း ကျုံးဘေး၊ ကုသိုလ်တော် (သို့) မန်းလေးတောင်တော်တို့တွင် ဖြန့်ဝေခဲ့ပြီး ဂျာနယ်နှင့် စာစောင်အမျိုးမျိုးတို့၏ အတွင်းဘက်စာမျက်နှာများတွင် လှုံ့ဆော်စာတွေကပ်ကာ အခမဲ့ဖတ်ရှုနိုင်ကြောင်း ဖြန့်ဝေခဲ့ပါသည်။


ပြည်သူလူထုဘက်တွင် ရပ်တည်လိုသည့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်၏ တယ်လီဂရမ်ချန်နယ် @MyanmarPeople သို့ ဆက်သွယ်၍ဖြစ်စေ၊ နီးစပ်ရာ တိုင်းရင်းသား EAO တပ်ဖွဲ့များ၊ PDF တပ်ရင်းများနှင့် ဒေသခံပကဖအဖွဲ့များထံတွင်ဖြစ်စေ ဆက်သွယ် ခိုလှုံနိုင်ပါတယ်။


သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #CDM #လှုပ်ရှားမှု

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ