စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော်(ဟောင်း) ကိုအောင်သူရ သို့ ဂုဏ်ပြု‌သဝဏ်လွှာ

 
သဝဏ်လွှာအမှတ် -  ၁၃/ဗကသ/၂၀၂၄
ရက်စွဲ - ၂၀၂၄ ခုနှစ် မေလ ၂၆ ရက်

                  မြင်းခြံနည်းပညာကောလိပ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ကျောင်းသားထုအခွင့်အရေးတာဝန်ခံ(ဟောင်း) ဖြစ်သူ ကိုအောင်သူရသည် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း၊ ပြည်သူ့တာဝန်များကို ထမ်းဆောင်ရင်း ၂၀၂၄ ခုနှစ် မေလ ၂၆ ရက်နေ့တွင် ကျဆုံးသွားပါသည်။ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း အာဇာနည်ပီသစွာဖြင့် အသက်ပေးလှူကာ မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် ကိုအောင်သူရအား ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အစဉ်အမြဲအောက်မေ့ သတိရနေမည်ဖြစ်သည်။ ရဲဘော်၏ မပြီးပြတ်သေးသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး တာဝန်များ၊ အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေး တာဝန်များကို အလုံးစုံကျေပွန်သည့်အထိ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အဖိနှိပ်ခံပြည်သူလူထုနှင့်အတူ ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကိုလည်း ကျ‌ဆုံးရဲဘော်များအား တိုင်တည်ကာ ကတိသစ္စာပြုအပ်ပါသည်။

“မြေဝသုန်ရေ . . . ဂုဏ်ပြုအပ်တဲ့ ရဲဘော်တဦးကို ဆီးလို့ကြိုပေတော့”

ဗဟိုစည်းရုံးရေးကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ