လီဆူလူငယ်အစည်းအရုံး (Lisu Youth Congress - LYC) တည်ထောင်ခြင်းအတွက် ဗကသများအဖွဲ့ချုပ်၏ ဝမ်းမြောက်ကြိုဆိုကြောင်း သဝဏ်လွှာ

သဝဏ်လွှာအမှတ် - ‌၄/ဗကသ/၂၀၂၄
ရက်စွဲ -  ၁၁ ရက် ဖေဖော်ဝါရီလ ၂၀၂၄ ခုနှစ်

လီဆူလူငယ်အစည်းအရုံး (Lisu Youth Congress - LYC) ကို ဒီဇင်ဘာ (၄) ရက် ၂၀၂၃ ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း ကြားသိရ၍ ဝမ်းမြောက်ဂုဏ်ယူမိပါသည်။ 

ယခုကာလသည် ပြည်သူ့ဒီမိုကရေစီရေးတိုက်ပွဲ ရေချိန်မြင့်ချိန်ဖြစ်ပြီး လီဆူလူငယ်အစည်းအရုံးသည်လည်း တိုက်ပွဲကမွေးဖွားပေးလိုက်သော အဖွဲ့အစည်းဖြစ်သည့်အတွက် တန်းတူရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေးတိုက်ပွဲတို့တွင် အားကောင်းမောင်းသန် တိုက်ပွဲဝင်သွားလိမ့်မည်ဟု ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က ယုံကြည်ပါသည်။

အချုပ်အားဖြင့်ဆိုရသော် ယနေ့ ဗမာပြည်တွင် အမှောင်အတိကျနေသော အခြေအနေ၏ လက်သည်တရားခံအစစ်သည် စစ်အာဏာရှင်စနစ်ပင်ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် ဖျက်ဆီးဖြိုချနိုင်မှသာ မိမိတို့အားလုံးအလိုရှိရာ ပိုကောင်းသောကမ္ဘာကို တည်‌ဆောက်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် လူမျိုးစု၊ လူထုလူတန်းစား အဖွဲ့အစည်းအသီးသီးတို့ ပေါင်းစည်း၍ စစ်အာဏာရှင်စနစ်ကို တညီတညွတ်တည်း ဆန့်ကျင်တိုက်ပွဲဝင်နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါသည်။

ရန်သူတကာ ကြောက်ဒူးတုန်ပါစေ။ 
ပြည်သူအပေါင်း ရွှင်လန်းအားတက်ကြပါစေ။
လီဆူလူငယ်အစည်းအရုံး အဓွန့်ရှည်ပါစေ။

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

တနင်္သာရီမြု့နယ်‌ကျောင်းသားများသမဂ္ဂက ပြည်သူ့အခြေပြုကျောင်းမှာ လေကြောင်းအန္တရာယ်ကာကွယ်နည်း အသိပညာပေးပြီး တော်လှန်ရေး ရုပ်ရှင်ပြသ