ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ - ရန်ကုန်) ဖွဲ့စည်းခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ် ပေးပို့သော ဝမ်းမြောက်ကြောင်း သဝဏ်လွှာ


သဝဏ်လွှာအမှတ် - ၉/ဗကသ/၂၀၂၄
ရက်စွဲ - ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်

ဒီကနေ့ ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ - ရန်ကုန်) ရဲ့ ၃ နှစ်ပြည့် နှစ်ပတ်လည်အတွက် ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း ဦးစွာပထမ ပြောကြားလိုပါတယ်။ စတင်ဖွဲ့စည်းချိန်ကနေ ဒီကနေ့အထိ တော်လှန်ရေးလှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက် ပါဝင်လှုပ်ရှားနေကြတဲ့ တကသများ - ရန်ကုန် ကို ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ အလေးအနက် အသိအမှတ်ပြုအပ်ပါတယ်။

ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ် အနေနဲ့ စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရားဆိုတဲ့ စစ်သုံးစစ် တိုက်ဖျက်ရေး၊ အဖိနှိပ်ခံလူထု လွတ်‌မြောက်ရေးအတွက် ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ တိုက်ပွဲတွေမှာ ရဲဘော်တို့နဲ့အတူ ရှေ့ဆက်လက်တွဲပြီး ဆက်လက်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ တကသများ - ရန်ကုန် အနေနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက်တိုက်ပွဲဝင် ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါတယ်။

ဗဟိုစည်းရုံးရေးကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ