ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) (၃)နှစ်ပြည့် အထိမ်းအမှတ်သို့ ‌ပေးပို့သော ဗကသများအဖွဲ့ချုပ်၏ သဝဏ်လွှာ

သဝဏ်လွှာအမှတ် - ‌၂/ဗကသ/၂၀၂၄
ရက်စွဲ - ၇ ရက် ဖေဖော်ဝါရီလ ၂၀၂၄ ခုနှစ်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ဟာ စတင်ဖွဲ့စည်းပြီးကတည်းက  အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုရဲ့ဘက်မှာ အပြည့်အဝရပ်တည်ရင်း ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့တာ ၃ နှစ်တိုင်ရှိခဲ့ပြီ ဖြစ်ပါတယ်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲ၊ ဒီမိုကရေစီတိုက်ပွဲများမှာ အဖိနှိပ်ခံပြည်သူလူထုနဲ့အတူ တသားတည်း ရပ်တည်တိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်သောအဖွဲ့အစည်းတရပ်အဖြစ် ကျနော်တို့ ဗကသများအဖွဲ့ချုပ်က အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) အနေနဲ့ ရှေ့ဆက်ပြီးတော့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်လို့ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က ယုံကြည်မျှော်လင့်ပါတယ်။ 

ကျွန်ုပ်တို့ ဗကသများအဖွဲချုပ်ကလည်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) အပါအဝင် တောင်ပေါ်/မြေပြန့် ဒေသအားလုံးက မဟာမိတ်အင်အားစုတွေ၊ အဖိနှိပ်ခံပြည်သူလူထုတွေနဲ့ လက်တွဲပြီး စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အမြစ်ပြတ်ချေမှုန်းနိုင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ကတိသစ္စာပြုပါတယ်။

“စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အမြစ်ပြတ်တိုက်ဖျက်ကြ”
“ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ အဓွန့်ရှည်ပါစေ”

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ