Posts

ကြို့ပင်ကောက်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ မတ် ၁၈၊ ဗကသ ကြို့ပင်ကောက်မြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်သုံးစစ် တိုက်ဖျက်ရေးနှင့် ဖက်ဆစ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးအတွက် ယနေ့ မတ်လ ၁၈ ရက်နေ့၌ ကြို့ပင်ကောက်မြို့နယ်တွင် "ဖက်ဆစ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ကြ" စာသားပါဘန်နာအား ချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #whathappeninginmyanmar

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ မတ် ၁၈၊ ဗကသ သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် သုံးခွမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ယနေ့ မတ်လ ၁၈ ရက်နေ့၌ ရန်ကုန်မြို့တွင် "စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ၊ ပြည်သူ့ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြ" စာသားပါဘန်နာအား ချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #whathappeninginmyanmar

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ မတ် ၁၈၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ (ဗကသများအဖွဲ့ချုပ်) နှင့် Burmese Youth Revolutionary Force - BYRF တို့ ပူးပေါင်း၍ ယနေ့ မတ်လ ၁၈ ရက်နေ့၌ ရန်ကုန်မြို့ရှိ လူထူထပ်သောစျေးတခုတွင် "ဗမာပြည်တော်လှန်ရေးရဲ့ သွေးခင်းလမ်းဟာ တိုက်ပွဲများနဲ့ပြည့်လျှံနေပါစေ" စာသားပါဘန်နာအား ကိုင်ဆောင်ပြီး သပိတ်တရားများ ဟောပြောလှုံ့ဆော်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #whathappeninginmyanmar

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က တံတားနီအရေးအခင်း ၃၅နှစ်ပြည့် အထိမ်းမှတ် ပန်းဖလက်များ ဖြန့်ဝေ

Image
​ ၂၀၂၃ မတ် ၁၆၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှ "စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ ပြည်သူ့ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြ" ခေါင်းစဥ်နဲ့ တံတားနီအရေးခင်း ပန်းဖလက်များအား ယနေ့ မတ်လ ၁၆ ရက်နေ့၌ ရန်ကုန်မြို့နေရာအနှံ့အပြားတွင် ပြည်သူလူထုထံသို့ ဖြန့်ဝေခဲ့ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ပါသည်။ သတင်းနဲ့ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #တံတားနီအရေးအခင်း #whathappeninginmyanmar

"စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ၊ ပြည်သူ့ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြ"

Image
၂၀၂၃ မတ် ၁၅၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာ​ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က "စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ၊ ပြည်သူ့ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြ" ခေါင်းစဉ်ဖြင့် စတေကာများအား ယနေ့ မတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ဖြန့်ဝေခဲ့ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #whathappeninginmyanmar

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်ခြင်း (၂) နှစ်ပြည့်အထိမ်းအမှတ်သို့ ပေးပို့သော သဝဏ်လွှာ

Image
​ သဝဏ်လွှာအမှတ် - ၃/ဗကသ/၂၀၂၃ ရက်စွဲ - ၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက်                              ၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People's Liberation Army - PLA) ပေါ်ပေါက်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၂) နှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါသည်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ဗမာပြည်၏ တခုတည်းသော အလုပ်သမား၊ လယ်သမားများဘက်မှ ရပ်တည်သည့် ပစ္စည်းမဲ့လူတန်းစားတပ်ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်ကို စွမ်းစွမ်းတမံ တိုက်ဖျက်ကာ အဖိနှိပ်ခံလူထုအကျိုးကို ရွပ်ရွပ်ချွံချွံ သယ်ပိုးထမ်းဆောင်နေကြသော ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ရဲဘော်များကို ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အလေးအမြတ်ပြုပါသည်။                              ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် စစ်အာဏာရှင်စနစ်ကို လုံးဝ အမြစ်ပြတ်ချေမှုန်း၍ တန်းတူညီပြီး သွေးစည်းညီညွတ်သည့် ပြည်ထောင်စုသစ်တရပ် တည်ဆောက်နိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က ယုံကြည်စွာဖြင့် ဆန္ဒပြုရင်း ဤသဝဏ်လ...

မဲဖောက်ဖို့အချိန်ရောက်ပါပြီ

Image
​ ဗကသများအဖွဲ့ချုပ်ကနေ ရံပုံငွေအတွက် မဲလက်မှတ်လေးတွေ စတင်ရောင်းချခဲ့တာ အခုဆို သတ်မှတ်ထားတဲ့ ပမာဏတခုကို ရောက်ပြီဖြစ်တာကြောင့် မကြာမီအချိန်အတွင်းမှာ မေတ္တာလက်ဆောင်ပစ္စည်းတွေကို မဲဖောက်ပြီး အလှူရှင်တွေလက်ထဲကို‌ အရောက်ပို့ပေးလိုက်တော့မယ်လို့ ဆုံးဖြတ်ထားပါတယ်။ မတ်လ လကုန်ပိုင်းလောက်မှာ မဲနှိုက်ပြီး လက်ဆောင်ပစ္စည်းလေးတွေကို အရောက်ပို့ပေးသွားမယ်လို့ ရည်မှန်းထားပါတယ်။  နောက်ဆုံးပိတ်အိတ်နဲ့လွယ် မဲလက်မှတ်လေးတွေ အားပေးချင်သေးတယ်ဆိုရင်လည်း ABFSU Fundraising Page မှာ လက်ခံရောင်းချပေးနေသေးတာကြောင့် Ticket လေးတွေဝယ်ယူပြီး တော်လှန်ရေးအတွက် ကူပေးကြပါဦးခင်ဗျာ။ ABFSU Fundraising #ဗကသ #abfsu #fundraising #whathappeninginmyanmar

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၃ မတ် ၁၄၊ ဗကသ အထက ၁ ရွှေပြည်သာကျောင်းရှေ့တွင် ဖက်ဆစ်စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်ဖြိုခွင်းမှု (၂) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ယနေ့ မတ်လ ၁၄ ရက်နေ့၌ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၁)ရွေပြည်သာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၆)ရွှေပြည်သာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က "အာဇာနည်တို့၏ သွေးခင်းလမ်းအတိုင်း ရှေ့သို့ ရဲဝံ့စွာချီတက်ကြ" စာသားပါဘန်နာအား ချိတ်ဆွဲခြင်း၊ ဆေးနီပတ်ဖြန်းခြင်းများ ပြုလုပ်ခဲ့ပြီး ဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ပေးလှူသွားခဲ့သူများကို အောက်မေ့သတိရစေရန် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #whathappeninginmyanmar

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ မတ် ၁၄၊ ဗကသ လှိုင်သာယာမြို့နယ်အား ဖက်ဆစ်စစ်တပ်က မတ်လ ၁၄ ရက်နေ့တွင် အစုအပြုံလိုက် အကြမ်းဖက်သတ်ဖြတ်ဖြိုခွဲခဲ့ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဂုဏ်ထူးဦးမောင်မောင်ကိုယ်ပိုင်အထက်တန်းကျောင်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က "လမ်းမထက်ကျတဲ့သွေးတွေ မခြောက်သေးဘူး၊ ၁၄.၃.၂၀၂၁ ကိုမမေ့ကြနဲ့" စာသားပါဘန်နာကို ယနေ့ မတ်လ ၁၄ ရက်နေ့၌ လှိုင်သာယာမြို့နယ်တွင် ချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #လှိုင်သာယာ #whathappeninginmyanmar

ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ မတ် ၁၄၊ ဗကသ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကျေးလက်နေ အခြေခံပညာကျောင်းသားများ ပူးပေါင်း၍ မတ်လ ၁၁ ရက်နေ့က ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရမှု ၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် "စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ၊ ပြည်သူ့ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြ" စာသားပါဘန်နာအား ကိုင်စွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ကနီမြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #ဗကသ #ဒီမိုကရေစီပညာရေး #whathappeninginmyanmar

ပြင်ဦးလွင်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ မတ် ၁၄၊ ဗကသ ဗကသများအဖွဲ့ချုပ်က မတ်လ ၁၁ ရက်နေ့၌ ပြင်ဦးလွင်မြို့နယ်တွင် "ဖက်ဆစ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ကြ" စာသားပါ စတေကာများအား ဖြန့်ဝေ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #ဗကသ #ဖက်ဆစ်ရွေးကောက်ပွဲ #whathappeninginmyanmar

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က ဒီမိုကရေစီပညာရေးနှင့် စစ်ကျွန်ပညာရေး ဆောင်းပါးများ ဖြန့်ဝေ

Image
​ ၂၀၂၃ မတ် ၁၄၊ ‌ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က မတလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ "ဒီမိုကရေစီပညာရေး" နှင့် "စစ်ကျွန်ပညာရေးဆိုတာဘာလဲ" ဆောင်းပါးများအား ပြည်သူလူထုသို့ ဖြန့်ဝေ၍ ဒီမိုကရေစီပညာရေး တည်ဆောက်ရေးနှင့် စစ်ကျွန်ပညာရေး တိုက်ဖျက်ရေးအတွက် လှုံ့ဆော်လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #abfsu #ဒီမိုကရေစီပညာရေး  #စစ်ကျွန်ပညာရေး #whathappeninginmyanmar

ကိုဖုန်းမော် ကျဆုံးခြင်း ၃၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ မတ် ၁၄၊ ဗကသ ကိုဖုန်းမော်ကျဆုံးခြင်း ၃၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ​ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို မတ်လ ၁၃ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #ဗကသ #ကိုဖုန်းမော် #whathappeninginmyanmar