ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်



၂၀၂၃ မတ် ၁၄၊ ဗကသ


အထက ၁ ရွှေပြည်သာကျောင်းရှေ့တွင် ဖက်ဆစ်စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်ဖြိုခွင်းမှု (၂) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ယနေ့ မတ်လ ၁၄ ရက်နေ့၌ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၁)ရွေပြည်သာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၆)ရွှေပြည်သာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က "အာဇာနည်တို့၏ သွေးခင်းလမ်းအတိုင်း ရှေ့သို့ ရဲဝံ့စွာချီတက်ကြ" စာသားပါဘန်နာအား ချိတ်ဆွဲခြင်း၊ ဆေးနီပတ်ဖြန်းခြင်းများ ပြုလုပ်ခဲ့ပြီး ဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ပေးလှူသွားခဲ့သူများကို အောက်မေ့သတိရစေရန် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။








သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #ဗကသ #whathappeninginmyanmar

Popular Posts

ဖက်ဆစ်‌တော်လှန်ရေးနေ့

နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာနေဝင်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သ၀ဏ်လွှာ

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်