ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်ခြင်း (၂) နှစ်ပြည့်အထိမ်းအမှတ်သို့ ပေးပို့သော သဝဏ်လွှာ


သဝဏ်လွှာအမှတ် - ၃/ဗကသ/၂၀၂၃

ရက်စွဲ - ၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက် 


                            ၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People's Liberation Army - PLA) ပေါ်ပေါက်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၂) နှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါသည်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ဗမာပြည်၏ တခုတည်းသော အလုပ်သမား၊ လယ်သမားများဘက်မှ ရပ်တည်သည့် ပစ္စည်းမဲ့လူတန်းစားတပ်ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်ကို စွမ်းစွမ်းတမံ တိုက်ဖျက်ကာ အဖိနှိပ်ခံလူထုအကျိုးကို ရွပ်ရွပ်ချွံချွံ သယ်ပိုးထမ်းဆောင်နေကြသော ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ရဲဘော်များကို ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အလေးအမြတ်ပြုပါသည်။ 

                            ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် စစ်အာဏာရှင်စနစ်ကို လုံးဝ အမြစ်ပြတ်ချေမှုန်း၍ တန်းတူညီပြီး သွေးစည်းညီညွတ်သည့် ပြည်ထောင်စုသစ်တရပ် တည်ဆောက်နိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က ယုံကြည်စွာဖြင့် ဆန္ဒပြုရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။


ဗဟိုအမှုဆောင်အဖွဲ့

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

သတင်းထုတ်ပြန်ခြင်း

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty