ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်ခြင်း (၂) နှစ်ပြည့်အထိမ်းအမှတ်သို့ ပေးပို့သော သဝဏ်လွှာ


သဝဏ်လွှာအမှတ် - ၃/ဗကသ/၂၀၂၃

ရက်စွဲ - ၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက် 


                            ၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People's Liberation Army - PLA) ပေါ်ပေါက်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၂) နှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါသည်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ဗမာပြည်၏ တခုတည်းသော အလုပ်သမား၊ လယ်သမားများဘက်မှ ရပ်တည်သည့် ပစ္စည်းမဲ့လူတန်းစားတပ်ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်ကို စွမ်းစွမ်းတမံ တိုက်ဖျက်ကာ အဖိနှိပ်ခံလူထုအကျိုးကို ရွပ်ရွပ်ချွံချွံ သယ်ပိုးထမ်းဆောင်နေကြသော ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ရဲဘော်များကို ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အလေးအမြတ်ပြုပါသည်။ 

                            ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် စစ်အာဏာရှင်စနစ်ကို လုံးဝ အမြစ်ပြတ်ချေမှုန်း၍ တန်းတူညီပြီး သွေးစည်းညီညွတ်သည့် ပြည်ထောင်စုသစ်တရပ် တည်ဆောက်နိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က ယုံကြည်စွာဖြင့် ဆန္ဒပြုရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။


ဗဟိုအမှုဆောင်အဖွဲ့

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ