Posts

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ မေ ၁၈၊ ဗကသ အထက (၃) ကြည့်မြင်တိုင်ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်းခြင်း တနှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် “That Government Is Best Which Governs Least” စာသားပါဘန်နာအား ကိုင်စွဲကာ ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ်ကို မေလ ၁၈ ရက်နေ့တွင် ရန်ကုန် ကြည့်မြင်တိုင်လမ်းမ၌ ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါ လှုပ်ရှားမှုကို ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများဖြစ်သည့် ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ သင်္ကန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ တာ‌မွေမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက (၆) အလုံ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက (၃) သာ‌ကေတ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက (၁) မရမ်းကုန်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီ၊ အလုံမြို့နယ်သပိတ်ကော်မတီ နှင့် တိုးတက်သောမွတ်စ်လင်မ်လူငယ်များအစည်းအရုံးတို့မှ ပူးပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ab...

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်မှ အိုးဝေစာစောင်များ ဖြန့်ဝေ

Image
၂၀၂၂ မေ ၁၈၊ ဗကသ ဗကသများအဖွဲ့ချုပ် နှင့် ရတကသတို့ ပူးပေါင်းထုတ်ဝေသည့် အိုးဝေစာစောင် အတွဲ ၂ အမှတ် ၂ ကို မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က မေလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူလူထုထံသို့ ဖြန့်ဝေခဲ့ပါသည်။ ___ ◾️ အိုးဝေစာစောင် အတွဲ ၂၊ အမှတ် ၂ ကိုဒေါင်းလုတ်ရယူရန် - https://bit.ly/3vUT9Oo ◾️ အိုးဝေစာစောင်တွေကို Oway App မှာ တိုက်ရိုက်ဖက်ရှုပြီး ရန်ပုံငွေလှူဒါန်းရန် - https://www.facebook.com/736805910427676/posts/812482512860015/?d=n အိုးဝေစာစောင်ကို လွတ်လပ်စွာပြန်လည်ကူးယူ ဖြန့်ဝေနိုင်ပါတယ်။ ___ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ရဲဘော်ကိုသုဝေခန့် (အထက ၃ တောင်ငူ ကျောင်းသားများသမဂ္ဂ - ဗကသများအဖွဲ့ချုပ် အတွင်းရေးမှူးဟောင်း ) သို့ ဂုဏ်ပြု‌သဝဏ်လွှာ

Image
  သဝဏ်လွှာအမှတ် -  ၇/ဗကသ/၂၀၂၂ ရက်စွဲ - ၂၀၂၂ ခုနှစ် မေလ ၁၈ ရက်                   အထက ၃ တောင်ငူ ကျောင်းသားများသမဂ္ဂ - ဗကသများအဖွဲ့ချုပ်၏ အတွင်းရေးမှူး(ဟောင်း) ဖြစ်သူ ကိုသုဝေခန့်သည် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း၊ ပြည်သူ့တာဝန်များကို ထမ်းဆောင်ရင်း ၂၀၂၂ ခုနှစ် မေလ ၈ ရက်နေ့တွင် ကျဆုံးသွားပါသည်။ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း အာဇာနည်ပီသစွာဖြင့် အသက်ပေးလှူကာ မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် ကိုသုဝေခန့်အား ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အစဉ်အမြဲအောက်မေ့ သတိရနေမည်ဖြစ်သည်။ ရဲဘော်၏ မပြီးပြတ်သေးသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး တာဝန်များ၊ အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေး တာဝန်များကို အလုံးစုံကျေပွန်သည့်အထိ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အဖိနှိပ်ခံပြည်သူလူထုနှင့်အတူ ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကိုလည်း ကျ‌ဆုံးရဲဘော်များအား တိုင်တည်ကာ ကတိသစ္စာပြုအပ်ပါသည်။ “မြေဝသုန်ရေ . . . ဂုဏ်ပြုအပ်တဲ့ ရဲဘော်တဦးကို ဆီးလို့ကြိုပေတော့” ဗဟိုအမှုဆောင်အဖွဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂမျ...

မိုးညှင်းမြို့‌နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အဖြစ် တိုးချဲ့ဖွဲ့စည်းကြောင်း ကြေညာချက်

Image
ကြေညာချက်အမှတ် - ၁/မညဗကသ/၂၀၂၂ ရက်စွဲ - ၂ဝ၂၂ ခုနှစ် မေလ ၁၆ ရက်                         မိုးညှင်းမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ ကို မိုးညှင်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အဖြစ် ၂၀၂၂ ခုနှစ် မေလ ၁၆ ရက်နေ့တွင် တိုးချဲ့ဖွဲ့စည်းလိုက်ပါသည်။ မိုးညှင်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ၏ ၈ ကြိမ်မြောက် ညီလာခံ မှ အတည်ပြုပြဌာန်းခဲ့သော - (က) နယ်ချဲ့ဆန့်ကျင်ရေး (ဝါ) အမျိုးသားရေး (ခ) ဒီမိုကရေစီရေး (ဝါ) စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး (ဂ) ငြိမ်းချမ်းရေး (ဃ) ဒီမိုကရေစီပညာရေး (င) ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး (စ) နိုင်ငံတကာကျောင်းသားများနှင့် သွေးစည်းညီညွတ်ရေး  ဟူသော မူဝါဒ (၆) ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေ၊ ဒီမိုကရေစီဗဟိုဦးစီးစနစ် စသည့် လက်ခံချက် (၃) ရပ်ကို လက်ခံကိုင်စွဲကာ ကျောင်းသားထုအကျိုး နှင့် ပြည်သူလူထုအကျိုးအား သယ်ပိုးဆောင်ရွက်သွားမည် ဖြစ်သည်။                   ...

ဗကသဝန်းရံ ပြည်သူများက YBS ပေါ်မှာ အိုးဝေစာစောင် ဖြန့်ဝေ

Image
၁၆ မေ၊ ၂၀၂၂ ဗကသနဲ့ ရတကသတို့ ပူးပေါင်းထုတ်ဝေတဲ့ အိုးဝေစာစောင်တွေကို ဒီကနေ့ နံနက်ပိုင်းက ရန်ကုန် YBS ယာဉ်လိုင်းတွေပေါ်မှာ ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။  အခုလို အိုးဝေစာစောင်ဖြန့်ဝေတာကို ဗကသဝန်းရံ ပြည်သူတွေက ပြုလုပ်တာ ဖြစ်ပါတယ်။ ___ ◾️ အိုးဝေစာစောင် အတွဲ ၂၊ အမှတ် ၂ ကိုဒေါင်းလုတ်ရယူရန် ◾️ အိုးဝေစာစောင်တွေကို Oway App မှာ တိုက်ရိုက်ဖက်ရှုပြီး ရန်ပုံငွေလှူဒါန်းရန် အိုးဝေစာစောင်ကို လွတ်လပ်စွာပြန်လည်ကူးယူ ဖြန့်ဝေနိုင်ပါတယ်။ ___ #Oway0202 #Oway #ABFSU #UYSU #Whatshappeninginmyanmar #ABFSU_86 #ဗကသ #၈၆နှစ်ပြည့်

ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ မေ ၁၆၊ ဗကသ ရန်ကုန်မြို့တွင် ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ မေလ ၁၆ ရက်နေ့၌ “အောင်ပွဲဆိုတာ တိုက်ရဲသူတွေအတွက်ဖြစ်တယ်” စာသားပါဘန်နာအားကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါလှုပ်ရှားမှုကို ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများ၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) ဝင် အဖွဲ့အစည်းများ၊ Yangon University of Distance Education Stunents' Uinon၊ Yangon Rable Strike Committee(YRSC)၊ Pazundaung Botahtaung Youth Strike Committee (PBYSC)၊ Tharkayta Youth Strike Committee (TYSC)၊ Burma Youth Network(BYN) တို့မှ ပူးပေါင်းပါဝင်ခဲ့ကြသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #gsc Photo - AMM

ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများနှင့် မဟာမိတ်များမှ ရန်ကုန်တွင် ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

Image
‌၂၀၂၂ မေ ၁၅၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဝင် သမဂ္ဂများ၊ ရန်ကုန်ရဲ့သူပုန်များ သပိတ်ကော်မတီ(YRSC)၊ ပုဇွန်တောင်/ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ၊ ထားဝယ်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ထဝအကသ)၊ ဗမာ့လူငယ်ကွန်ရက် (ဗလက)၊ Yankin Protests တို့မှ “သူပုန်ထုအားနှင့် ဖက်ဆစ်ပုလ္လင်ရိုက်ချိုးပစ်မယ်” ဟူသောစာသားပါ ဘန်နာဖြင့် ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို မေလ ၁၅ ရက်နေ့၌ ရန်ကုန်တွင် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu

ဗကသများအဖွဲ့ချုပ်မှ မြောက်ဥက္ကလာပတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ မေ ၁၅၊ ဗကသ ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်တွင် မေလ ၁၅ ရက်နေ့၌ ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂဖြစ်သည့် မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် မြောက်ဥက္ကလာရှိ တော်လှန်လူငယ်များမှ ဦးဆောင်၍ တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ ပူးပေါင်းကာ “ဖိနှိပ်မှုနှောင်ကြိုးမှ ရုန်းထွက်မည်၊ ခေတ်ပြောင်းတော်လှန်ရေး အဆုံးသတ်ဆီ” စာသားပါဘန်နာနှင့်  “မြောက်ဥက္ကလာပြန်လာပြီ” ဘန်နာတို့အား ကိုင်ဆွဲ၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU

ဗကသရဲဘော် ကိုဇင်ကိုထွန်း ကျဆုံးခြင်း တနှစ်ပြည့်၌ ဗကသများအဖွဲ့ချုပ် နှင့် ဗလကသ တို့မှ ယင်းမာပင်မြို့နယ်တွင် လှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ မေ ၁၃၊ ဗကသ ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ) တို့ ပူးပေါင်း၍ ရဲဘော်ဇင်ကိုထွန်း ကျဆုံးခြင်း ၁နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယင်းမာပင်မြို့နယ်၌ မေလ ၁၃ ရက်နေ့တွင် “ရဲဘော်ဇင်ကိုထွန်း စိတ်ဓာတ်ကိုင်စွဲကြ၊စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ” ၊“ဒီမိုကရေစီကိုစျေးမဆစ်နဲ့၊ အကုန်ရရင်ရ မရရင် ဘာတခုမှမလိုချင်ဘူး” စာသားများပါဘန်နာများအား ကိုင်စွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါသည်။ လှုပ်ရှားမှုတွင် ပြည်သူလူထုအား “ဒီမိုကရေစီပညာရေး၊ စစ်ကျွန်ပညာရေးဆိုတာ ဘာလဲ” ဆောင်းပါးများ၊ စာစဉ်များ ဖြန့်ဝေခြင်း၊ ကျဆုံးသွားသော ရဲဘော်များအား ငြိမ်သက်အလေးပြုခြင်းနှင့် “ဒီမိုကရေစီကိုစျေးမဆစ်နဲ့၊ လက်ကောက်ဝတ်ကို ဘယ်လောက်လှီးလှီး မပြေတော့မယ့် လက်သီးဆုပ်တွေ” ဟူသော ကြွေးကြော်သံများအား ကြွေးကြော်ခဲ့ကြသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu