ဗကသရဲဘော် ကိုဇင်ကိုထွန်း ကျဆုံးခြင်း တနှစ်ပြည့်၌ ဗကသများအဖွဲ့ချုပ် နှင့် ဗလကသ တို့မှ ယင်းမာပင်မြို့နယ်တွင် လှုပ်ရှားမှု ပြုလုပ်


၂၀၂၂ မေ ၁၃၊ ဗကသ

ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ) တို့ ပူးပေါင်း၍ ရဲဘော်ဇင်ကိုထွန်း ကျဆုံးခြင်း ၁နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယင်းမာပင်မြို့နယ်၌ မေလ ၁၃ ရက်နေ့တွင် “ရဲဘော်ဇင်ကိုထွန်း စိတ်ဓာတ်ကိုင်စွဲကြ၊စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ” ၊“ဒီမိုကရေစီကိုစျေးမဆစ်နဲ့၊ အကုန်ရရင်ရ မရရင် ဘာတခုမှမလိုချင်ဘူး” စာသားများပါဘန်နာများအား ကိုင်စွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါသည်။



လှုပ်ရှားမှုတွင် ပြည်သူလူထုအား “ဒီမိုကရေစီပညာရေး၊ စစ်ကျွန်ပညာရေးဆိုတာ ဘာလဲ” ဆောင်းပါးများ၊ စာစဉ်များ ဖြန့်ဝေခြင်း၊ ကျဆုံးသွားသော ရဲဘော်များအား ငြိမ်သက်အလေးပြုခြင်းနှင့် “ဒီမိုကရေစီကိုစျေးမဆစ်နဲ့၊ လက်ကောက်ဝတ်ကို ဘယ်လောက်လှီးလှီး မပြေတော့မယ့် လက်သီးဆုပ်တွေ” ဟူသော ကြွေးကြော်သံများအား ကြွေးကြော်ခဲ့ကြသည်။








သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu

Popular Posts

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

သတင်းထုတ်ပြန်ခြင်း

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty