မိုးညှင်းမြို့‌နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အဖြစ် တိုးချဲ့ဖွဲ့စည်းကြောင်း ကြေညာချက်

ကြေညာချက်အမှတ် - ၁/မညဗကသ/၂၀၂၂
ရက်စွဲ - ၂ဝ၂၂ ခုနှစ် မေလ ၁၆ ရက်

                        မိုးညှင်းမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ ကို မိုးညှင်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အဖြစ် ၂၀၂၂ ခုနှစ် မေလ ၁၆ ရက်နေ့တွင် တိုးချဲ့ဖွဲ့စည်းလိုက်ပါသည်။ မိုးညှင်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ၏ ၈ ကြိမ်မြောက် ညီလာခံ မှ အတည်ပြုပြဌာန်းခဲ့သော -

(က) နယ်ချဲ့ဆန့်ကျင်ရေး (ဝါ) အမျိုးသားရေး
(ခ) ဒီမိုကရေစီရေး (ဝါ) စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး
(ဂ) ငြိမ်းချမ်းရေး
(ဃ) ဒီမိုကရေစီပညာရေး
(င) ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး
(စ) နိုင်ငံတကာကျောင်းသားများနှင့် သွေးစည်းညီညွတ်ရေး 
ဟူသော မူဝါဒ (၆) ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေ၊ ဒီမိုကရေစီဗဟိုဦးစီးစနစ် စသည့် လက်ခံချက် (၃) ရပ်ကို လက်ခံကိုင်စွဲကာ ကျောင်းသားထုအကျိုး နှင့် ပြည်သူလူထုအကျိုးအား သယ်ပိုးဆောင်ရွက်သွားမည် ဖြစ်သည်။

                        မိုးညှင်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို အောက်ပါ အမှုဆောင်များဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ဥက္ကဌ - ကိုစောနေခန့်သွင်
ဒုဥက္ကဌ - ကိုခန့်ကျော်မျိုး
အတွင်းရေးမှူး - မအိမ့်ကြည်ဖြူ
တွဲ့ဖက်အတွင်းရေးမှူး - မယမင်းနွေဦး
ဘဏ္ဏာရေးမှုး - ကိုဟန်ထက်အောင်
စည်းရုံးရေးမှူး - ကိုစိုင်းသူရ
သတင်းနှင့်ပြန်ကြားရေးမှူး - မထက်သီရိဇော်

အလုပ်အမှုဆောင်အဖွဲ့
မိုးညှင်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)

Popular Posts

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

သတင်းထုတ်ပြန်ခြင်း

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty