ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ မေ ၁၈၊ ဗကသ

အထက (၃) ကြည့်မြင်တိုင်ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်းခြင်း တနှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် “That Government Is Best Which Governs Least” စာသားပါဘန်နာအား ကိုင်စွဲကာ ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ်ကို မေလ ၁၈ ရက်နေ့တွင် ရန်ကုန် ကြည့်မြင်တိုင်လမ်းမ၌ ပြုလုပ်ခဲ့ကြပါသည်။



အဆိုပါ လှုပ်ရှားမှုကို ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများဖြစ်သည့် ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ သင်္ကန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ တာ‌မွေမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက (၆) အလုံ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက (၃) သာ‌ကေတ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက (၁) မရမ်းကုန်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီ၊ အလုံမြို့နယ်သပိတ်ကော်မတီ နှင့် တိုးတက်သောမွတ်စ်လင်မ်လူငယ်များအစည်းအရုံးတို့မှ ပူးပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။




သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu

Photo - Lungekhit

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ