ဗကသများအဖွဲ့ချုပ်မှ မြောက်ဥက္ကလာပတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ မေ ၁၅၊ ဗကသ

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်တွင် မေလ ၁၅ ရက်နေ့၌ ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂဖြစ်သည့် မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် မြောက်ဥက္ကလာရှိ တော်လှန်လူငယ်များမှ ဦးဆောင်၍ တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ
(ဗကသများအဖွဲ့ချုပ်) ၊ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ ပူးပေါင်းကာ “ဖိနှိပ်မှုနှောင်ကြိုးမှ ရုန်းထွက်မည်၊ ခေတ်ပြောင်းတော်လှန်ရေး အဆုံးသတ်ဆီ” စာသားပါဘန်နာနှင့်  “မြောက်ဥက္ကလာပြန်လာပြီ” ဘန်နာတို့အား ကိုင်ဆွဲ၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ဖက်ဆစ်‌တော်လှန်ရေးနေ့