အရာတော်မြို့နယ်အတွင်း ဗကသ က လေကြောင်း အသိပညာပေးဟောပြောပွဲနဲ့ သရုပ်ပြပွဲတွေ ပြုလုပ်

အရာတော်မြို့နယ်အတွင်း ဗကသ က လေကြောင်း အသိပညာပေးဟောပြောပွဲနဲ့ သရုပ်ပြပွဲတွေ ပြုလုပ်

ဧပြီလ ၄ရက်၊ ၂၀၂၆

အရာတော်မြို့နယ်အတွင်း ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်သမဂ္ဂအချို့နဲ့ ဒေသတွင်းအင်အားစုတရပ်တို့ ပူးပေါင်းပြီး လေကြောင်း၊ မိုင်းနဲ့ လက်နက်ကြီးအန္တရာယ်ကာကွယ်ရေး အသိပညာ‌ပေးဟောပြောပွဲနဲ့ သရုပ်ပြခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါဖြန့်ဝေမှုကိုတော့ အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ၊ ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂတို့က လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

အရာတော်မြို့နယ်အတွင်းက ကျောင်းသားထုနဲ့ ပြည်သူလူထုအား လေကြောင်း၊ မိုင်းနဲ့ လက်နက်ကြီးအန္တရယ်အကြောင်း အသိပညာပေးဗွီဒီယိုများ ပြသခဲ့ပြီး ကာကွယ်ရေးနည်းလမ်းတွေကိုလည်း ဆွေးနွေးတင်ပြ၊သရုပ်ပြခဲ့ကြပါတယ်။

တပါတည်းမှာလည်း ဗုံခိုကျင်းတည်ဆောက်ပုံ၊ လေကြောင်းအန္တရယ်အသိပညာပေး ပန်းဖလက်အစောင်ရေ ၂၀၀ ကို ဖြန့်ဝေခဲ့ပါတယ် ။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ
#ဗကသများအဖွဲ့ချုပ်
#ABFSU #AYD

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ဖက်ဆစ်‌တော်လှန်ရေးနေ့