ကနီမြို့နယ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ‎

ကနီမြို့နယ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ဇန်နဝါရီလ ၁၄ ရက်၊ ၂၀၂၆


‎ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ပြည်သူ့အခြေပြုစာသင်ကျောင်းတာဝန်ခံတွေနဲ့ ပူးပေါင်းကာ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။

ပြိုင်ပွဲကိုတော့ ကျောင်းသားကျောင်းသူတွေရဲ့ စကားပြောစွမ်းရည်တိုးတက်စေဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် ၂၆ ယောက် ပါဝင်ယှဥ်ပြိုင်ခဲ့ပါတယ်။ 

‎ပြိုင်ပွဲအခမ်းအနားမှာ သမဂ္ဂအလံတော်ကို အလေးပြုတာ၊ ကျောင်းသားသမဂ္ဂရဲဘော်တွေကနေ အမှာစကား ပြောကြားတာ၊ သက်ဆိုင်ရာ ကျောင်းတာဝန်ရှိသူတွေက ၀မ်းမြောက်ကြောင်း စကားပြောကြား၊ အကဲဖြတ်ဒိုင်လူကြီးတွေက ဆုရွေးချယ်တာ၊ ဆုချီးမြှင့်တာ စတဲ့အခမ်းအနားအဆင့်ဆင့်နဲ့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ

ဗကသများအဖွဲ့ချုပ်


Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ