ဗကသများအဖွဲ့ချုပ်က ယင်းမာပင်မှာ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ် အသိပညာပေး

ဗကသများအဖွဲ့ချုပ်က ယင်းမာပင်မှာ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ် အသိပညာပေး

ဇူလိုင်လ ၁ရက်၊ ၂၀၂၅

ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂက ဇွန်လ နောက်ဆုံးရက်သတ္တပတ်မှာ မြိုနယ်အတွင်းက ဒေသခံပြည်သူလူထုကို လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ် သတိပေးစာဖြန့်ဝေပြီး အသိပညာပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးတွေ၊ တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ မကြာခဏ ပစ်ခတ်တိုက်ခံရတဲ့ ယင်းမာပင်နယ်ထဲက စာသင်ကျောင်း၊ လမ်းသွားလမ်းလာပြည်သူလူထုနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ အခုလို သတိပေးစာတွေ လိုက်လံဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

မေလ ၁၄ရက်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ထိမှန်ခဲ့တာကြောင့် ယင်းမာပင်မြို့နယ်က ၁၂တန်းကျောင်းသူ ၁ဦး သေဆုံးခဲ့ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ရက်နေ့အထိ မှတ်တမ်းများအရ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတဝှမ်း အရပ်သား ၁၅၀၅ဦးအထိ သေဆုံးခဲ့ပြီး ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃ နဲ့ ၂၀၂၅ခုနှစ်တို့မှာ စစ်ကိုင်းတိုင်းဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအများဆုံးဖြစ်တယ် လို့ AAPPက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က နိုင်ငံအနှံ့မှာရှိတဲ့ စာသင်ကျောင်းတွေ၊ ကျေးရွာတွေနဲ့ လူနေအဆောက်အဦတွေကို လက်နက်ကြီးနဲ့ လေကြောင်းကနေ အဆက်မပြတ် တိုက်ခိုက်လျက်ရှိပါတယ်။
#ABFSU #AirStrike #Militaryatrocities

Popular Posts

ဖက်ဆစ်‌တော်လှန်ရေးနေ့

နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာနေဝင်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သ၀ဏ်လွှာ

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်