ဗကသများအဖွဲ့ချုပ်မှ အပြည်ပြည်ဆိုင်ရာအလုပ်သမားများနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုံ့ဆော်မှုပြုလုပ်

ဗကသများအဖွဲ့ချုပ်မှ အပြည်ပြည်ဆိုင်ရာအလုပ်သမားများနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုံ့ဆော်မှုပြုလုပ်

မေလ ၂ ရက်၊ ၂၀၂၅ ခုနှစ်

မေလ (၁)ရက်နေ့မှာ ဗကသများအဖွဲ့ချုပ်က ရန်ကုန်မြို့တနေရာမှာ "လုပ်အားစိုက်ထုတ်သူများ၊ တိုက်ပွဲအတွင်းသို့လာကြ" စာတန်းပါ ဘန်နာတခုကို ချိတ်ဆွဲခဲ့ပါတယ်။ ဒီလှုပ်ရှားမှုနဲ့အတူ မနေ့က ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားများနေ့ကို ဂုဏ်ပြုလိုက်ပြီး နိုင်ငံတဝှမ်းမှာရှိတဲ့ အဖိနှိပ်ခံအလုပ်သမားထုနဲ့အတူ လူထုတရပ်လုံးလွတ်မြောက်ဖို့ရာ တိုက်ပွဲဝင်ကြဖို့ လှုံ့ဆော်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် တည်မြဲနေသ၍တော့ အလုပ်သမားအခွင့်အရေး၊ ကျောင်းသားအခွင့်အရေး၊ လူ့အခွင့်အရေးဆိုတာ မရှိနိုင်ပါဘူး။ ဒါ့ကြောင့် စစ်သုံးစစ် အမြစ်ပြတ်သည်အထိ ကျောင်းသားထု၊ အလုပ်သမားထုအပြင် ပြည်သူလူထုတရပ်လုံး တွဲလက်ညီညီနဲ့ ဆက်လက်ဆန့်ကျင်တော်လှန်သွားကြဖို့ လိုအပ်ကြောင်း လှုံ့ဆော်လိုက်ရပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #Yangon #MayDay #Workersday

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ