ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က လူထုတွေ့ဆုံဆွေးနွေးပွဲနှင့် လေကြောင်းအန္တရာယ်ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်

ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က လူထုတွေ့ဆုံဆွေးနွေးပွဲနှင့် လေကြောင်းအန္တရာယ်ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်

မတ်လ ၄ ရက်၊ ၂၀၂၅

ကနီမြို့နယ် ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ကနီမြို့နယ် တနေရာမှာ လူထုနဲ့အတူ တွေ့ဆုံဆွေးနွေးပွဲတရပ် ကျင်းပပြုလုပ်ခဲ့ပါတယ်။

သမဂ္ဂရဲဘော်တွေ ဦးဆောင်ပြီး လူထုနဲ့အတူ လက်ရှိတော်လှန်ရေးအခြေအနေတွေနဲ့ ဗကသများအဖွဲ့ချုပ်‌ပေါ်ပေါက်လာပုံသမိုင်း‌ အကျဉ်းချုပ်ကို ချပြဆွေးနွေးခဲ့ပြီး လက်နက်ကိုင်တိုက်ပွဲသဏ္ဌာန်ကို အခြားတိုက်ပွဲသဏ္ဌာန်တွေနဲ့ ပေါင်းစပ်ဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

တဆက်တည်းမှာပဲ သမဂ္ဂရဲဘော်တွေက ဦးဆောင်ပြီး လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲတရပ်ကိုလည်း ပြည်သူလူထုနဲ့အတူ ဆွေးနွေး‌ပြောဆိုခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #လူထုတွေ့ဆုံဆွေးနွေးပွဲ #ကနီ #ဗကသ #လေကြောင်းအန္တရာယ်ကာကွယ်ရေး

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ