ပုလဲမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က စက်တပ်လေထီး (Paramotor) အန္တရာယ်ကာကွယ်ရေး သတိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပုလဲမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က စက်တပ်လေထီး (Paramotor) အန္တရာယ်ကာကွယ်ရေး သတိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဖေဖော်ဝါရီလ ၂၈ရက်၊ ၂၀၂၅ 

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ပုလဲမြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူ့အခြေပြုကျောင်းတွေနဲ့ ရပ်ရွာနေလူထုထံ စက်တပ်လေထီး (Paramotor) အန္တရာယ်ကာကွယ်ရေး သတိပေးလက်ကမ်းစာစောင်တွေကို ဒီကနေ့ မနက်ပိုင်းမှာ ဖြန့်ဝေခဲ့ကြပါတယ်။

ဒီလက်ကမ်းစာစောင်တွေမှာ အကြမ်းဖက်စစ်ကောင်စီက လက်ရှိအသုံးပြုနေတဲ့ စက်တပ်လေထီး (Paramotor) အကြောင်း အချက်အလက်တွေ၊ သရုပ်ပြပုံတွေ အကျဥ်းချုပ်ပါရှိပြီး စက်တပ်လေထီးတွေနဲ့ တိုက်ခိုက်လာချိန်မှာ ဘယ်လိုကာကွယ်တိမ်းရှောင်ရမလဲဆိုတဲ့ အချက်အလက်တွေကိုလည်း ဖော်ပြထားပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #ပုလဲ #လေကြောင်းအန္တရာယ် #စက်တပ်လေထီး #paramotor

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်