အရာတော်နှင့် အခြေခံပညာကျောင်းသားများသမဂ္ဂမှ ပူးပေါင်းပြီး ကျောင်းသားပြည်သူ သပိတ်စစ်ကြောင်းချီတက်

အရာတော်နှင့် အခြေခံပညာကျောင်းသားများသမဂ္ဂမှ ပူးပေါင်းပြီး ကျောင်းသားပြည်သူ သပိတ်စစ်ကြောင်းချီတက်

၂၀၂၅၊ ဖေဖော်ဝါရီလ ၁ရက်

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)တို့ ပူးပေါင်းပြီး  “အထွေထွေဖိနှိပ်မှုကို အန်တုကြ၊ ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့" စာသားပါ ဘန်နာကို ကိုင်စွဲပြီး အရာတော်မြို့နယ်မှာ ကျောင်းသားပြည်သူလူထု ပူးပေါင်းသပိတ်စစ်ကြောင်း ချီတက်ခဲ့ပါတယ်။

အကြမ်းဖက် ဖက်ဆစ်စစ်တပ်က ပြည်သူလူထုအပေါ် ဖိနှိပ်‌နေမှုများကို ရဲရဲဝံ့ဝံ့အန်တုကြဖို့၊ နိုင်ငံရေး၊ စစ်ရေး အဘက်ဘက်က ကျရှုံးနေတဲ့ ဘုံရန်သူစစ်တပ်ရဲ့ ထွက်ပေါက်ဖြစ်တဲ့ အယောင်ပြ သွေးစွန်းရွေးကောက်ပွဲကို လူထုအားနဲ့ တခဲနက်ဆန့်ကျင်ကြဖို့ အစရှိတဲ့ လူထုသပိတ်တရားတွေ ဟောပြောခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #ဗကသ #အရာတော် #အာဏာသိမ်း၄နှစ် #အထွေထွေဖိနှိပ်မှုကိုအန်တုကြ #ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ