အရာတော်နှင့် အခြေခံပညာကျောင်းသားများသမဂ္ဂမှ ပူးပေါင်းပြီး ကျောင်းသားပြည်သူ သပိတ်စစ်ကြောင်းချီတက်

အရာတော်နှင့် အခြေခံပညာကျောင်းသားများသမဂ္ဂမှ ပူးပေါင်းပြီး ကျောင်းသားပြည်သူ သပိတ်စစ်ကြောင်းချီတက်

၂၀၂၅၊ ဖေဖော်ဝါရီလ ၁ရက်

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)တို့ ပူးပေါင်းပြီး  “အထွေထွေဖိနှိပ်မှုကို အန်တုကြ၊ ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့" စာသားပါ ဘန်နာကို ကိုင်စွဲပြီး အရာတော်မြို့နယ်မှာ ကျောင်းသားပြည်သူလူထု ပူးပေါင်းသပိတ်စစ်ကြောင်း ချီတက်ခဲ့ပါတယ်။

အကြမ်းဖက် ဖက်ဆစ်စစ်တပ်က ပြည်သူလူထုအပေါ် ဖိနှိပ်‌နေမှုများကို ရဲရဲဝံ့ဝံ့အန်တုကြဖို့၊ နိုင်ငံရေး၊ စစ်ရေး အဘက်ဘက်က ကျရှုံးနေတဲ့ ဘုံရန်သူစစ်တပ်ရဲ့ ထွက်ပေါက်ဖြစ်တဲ့ အယောင်ပြ သွေးစွန်းရွေးကောက်ပွဲကို လူထုအားနဲ့ တခဲနက်ဆန့်ကျင်ကြဖို့ အစရှိတဲ့ လူထုသပိတ်တရားတွေ ဟောပြောခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #ဗကသ #အရာတော် #အာဏာသိမ်း၄နှစ် #အထွေထွေဖိနှိပ်မှုကိုအန်တုကြ #ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ