အရာတော်မြို့နယ်တွင် သခင်အောင်ဆန်း နှစ် (၁၁၀) ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ်

အရာတော်မြို့နယ်တွင် သခင်အောင်ဆန်း နှစ် (၁၁၀) ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ်

ဖေဖော်ဝါရီလ ၁၃ရက်၊ ၂၀၂၅

အရာတော်မြို့နယ် အခြေခံပညာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် မဟာမိတ်အင်အားစုများ ပူး‌ပေါင်း၍ ယနေ့ ကျရောက်သည့် သခင်အောင်ဆန်း၏ နှစ် (၁၁၀) ပြည့်မွေးနေ့နှင့်အတူ က်ုအောင်ဆန်းအား အောက်မေ့သတိရခြင်းအားဖြင့် ပဲပြုတ်နှင့်နံပြားများ ကျွေးမွေးပေးဝေခဲ့ကြသည်။

ထို့နောက် ကိုအောင်ဆန်း ပြောကြားခဲ့သည့် "ကျောင်းသားတွေနိုင်ငံရေး မလုပ်ရင် သူတောင်းစားတွေ သမ္မတ ဖြစ်ကုန်လိမ့်မယ်" မိန့်ခွန်းအပါအဝင် အခြားမိန်းခွန်းစာသားများလည်း ချိတ်ဆွဲခဲ့ပြီး ညီညွတ်မှုဖြင့် ဘုံရန်သူကို ရှေးရှုချေမှုန်းကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #Oway #အရာတော် #ဗကသ #သခင်အောင်ဆန်း #မွေးနေ့ #လှုပ်ရှားမှု

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ