စစ်အုပ်စုရဲ့ တကြော့ပြန် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်‌နေ့၌ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂမှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်


စစ်အုပ်စုရဲ့ တကြော့ပြန် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်‌နေ့၌ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂမှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်

၂၀၂၅ ၊ ဖေဖော်ဝါရီလ ၁ ရက်

ဖက်ဆစ်အုပ်စုရဲ့ တကြော့ပြန် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့မှာ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြီး "အထွေထွေဖိနှိပ်မှုကို အန်တုကြ၊ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့" ဘန်နာကိုင်စွဲကာ ဘုတလင်မြို့နယ် တနေရာမှာ ချီတက်သပိတ်ဆင်နွှဲခဲ့ကြပါတယ်။

တဆက်တည်းမှာပဲ သမဂ္ဂမှ သပိတ်တရားဟောကြားခြင်း၊ ကဗျာရွတ်ခြင်း၊ ကြွေးကြော်သံတိုင်ခြင်းများကိုလည်း မြို့နယ်တ‌နေရာမှာ ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။

#ABFSU #ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ #ဗကသ #အထွေထွေဖိနှိပ်မှုကိုအန်တုကြ #ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့ #အာဏာသိမ်း၄နှစ်

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ