ဘုတလင်မြို့နယ်သမဂ္ဂမှ ဗိုလ်အောင်ကျော် ကျဆုံးခြင်း ၈၆ နှစ်ပြည့် အခမ်းအနားပြုလုပ်

ဘုတလင်မြို့နယ်သမဂ္ဂမှ ဗိုလ်အောင်ကျော် ကျဆုံးခြင်း ၈၆ နှစ်ပြည့် အခမ်းအနားပြုလုပ်

၂၀၂၄၊ ဒီဇင်ဘာ ၂၀

ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်ပြီး ဒီဇင်ဘာလ ၂၀ရက်နေ့တွင် ကျရောက်သည့် '' ဗိုလ်အောင်ကျော်ကျဆုံးခြင်း ၈၆ နှစ်ပြည့် နှစ်ပတ်လည်နေ့ (ဝါ) ကျောင်းသားနေ့ အခမ်းအနားကို ဘုတလင်မြို့နယ်မှာ ပြုလုပ်ကျင်းပခဲ့ပါတယ် ။

အခမ်းအနားတွင် ကျောင်းသားထုနှင့် ကျောင်းသားနေ့အကြောင်း ဆွေးနွေးခြင်း၊ သပိတ်မှောက်ခြင်း၊ သပိတ်တရားဟောကြားခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

ဗကသများအဖွဲ့ချုပ်မှ ဦးစီးပြီး ဗိုလ်အောင်ကျော် ကျဆုံးခြင်း (၈၆)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဘုတလင်မြို့နယ်၊ ပုလဲမြို့နယ်၊ မြိုင်မြို့နယ် စသည့် နေရာအသီးသီးတွင်လည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို တပြိုင်တည်း ကျင်းပခဲ့ကြပါတယ် ။

#ABFSU #ဗိုလ်အောင်ကျော် #ကျောင်းသားနေ့ #မြိုင် #ဘုတလင် #ပုလဲ

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ