အရာတော်မြို့နယ်မှ အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ပြည်သူလူထုသပိတ်စစ်ကြောင်း ချီတက်

အရာတော်မြို့နယ်မှ အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ပြည်သူလူထုသပိတ်စစ်ကြောင်း ချီတက်

၂၀၂၄၊ နိုဝင်ဘာ ၂၅

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့  အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်းပြီး အရာတော်မြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူလူထုနဲ့အတူ  “အမျိုးသားခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံးလွှင့်ထူကြ၊ စစ် (၃) စစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြ"ပါ  ဘန်နာစာသားကို ကိုင်စွဲပြီး ကျောင်းသားပြည်သူလူထု ပူးပေါင်းသပိတ်စစ်ကြောင်းအဖြစ် ချီတက်ခဲ့ကြပါတယ်။

အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ၊ နယ်ချဲ့ဆန့်ကျင်ရေး ပထမကျောင်းသားသပိတ် ကျောင်းသားလှုပ်ရှားမှု သမိုင်းနဲ့ စစ် (၃) စစ်ဆန့်ကျင်တိုက်ဖျက်ရေး လူထုသပိတ်တရားများ ဟောပြောခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #ဗကသ #အရာတော် #အမျိုးသားနေ့ #ပထမကျောင်းသားသပိတ် #သပိတ်စစ်ကြောင်း #လှုပ်ရှားမှု
#movement #whatshappeningnowinmyanmar

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ