တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂမှ အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ကျောင်းသား၊ပြည်သူလူထုသပိတ်စစ်ကြောင်း ချီတက်ကျင်းပ


တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂမှ အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ကျောင်းသား၊ပြည်သူလူထုသပိတ်စစ်ကြောင်း ချီတက်ကျင်းပ

၂၀၂၄၊ နိုဝင်ဘာ ၂၅

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ အမျိုးသား‌နေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ပြီး ကျောင်းသား၊ ပြည်သူလူထု သပိတ်စစ်ကြောင်း ချီတက်ခဲ့ကြပါတယ်။

အဆိုပါအခမ်းအနားမှာ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ၊ နယ်ချဲ့ဆန့်ကျင်ရေး ပထမကျောင်းသားသပိတ် ကျောင်းသားလှုပ်ရှားမှုသမိုင်းနဲ့ စစ်(၃)စစ်ဆန့်ကျင်တိုက်ဖျက်ရေး လူထုသပိတ်တရားတွေ ဟောပြောခဲ့ပြီး အဲ့ဒီနောက်မှာတော့ “အမျိုးသားခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံးလွှင့်ထူကြ၊ စစ် (၃) စစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြ"ပါ  ဘန်နာစာသားကို ကိုင်စွဲပြီး ကျောင်းသားပြည်သူလူထု ပူးပေါင်းသပိတ်စစ်ကြောင်း ချီတက်ခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #ဗကသ  #အမျိုးသားနေ့ #ပထမကျောင်းသားသပိတ် #သပိတ်စစ်ကြောင်း #လှုပ်ရှားမှု #whatshappeningnowinmyanmar

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ