တနင်္သာရီမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က ၈လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ ၃၆ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားပြုလုပ်

၂၀၂၄ ဩဂုတ် ၈၊ ဗကသ

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က တနင်္သာရီမြို့နယ်အတွင်းမှာ ၈လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ ၃၆ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ ခေတ်အဆက်ဆက်က ဒီမိုကရေစီတိုက်ပွဲတွေအတွင်း ကျဆုံးခဲ့တဲ့ ကျောင်းသားထုနဲ့ ပြည်သူလူထုကို အလေးပြုခြင်း၊ ၈၈၈၈ သမိုင်းကို ဆွေးနွေးတင်ပြခြင်းနဲ့ လက်ရှိနိုင်ငံ‌ရေးအခြေအနေတွေကို ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ခဲ့ပါတယ်။


သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ ##8888 #တနင်္သာရီ
#WhatsHappeningInMyanmar

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ