တော်လှန်ရေးရဲဘော်များ မတရားကြိုးပေး သတ်ဖြတ်ခံရခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသနဲ့ မဟာမိတ်တွေက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၄ ဇူလိုင် ၂၃၊ ဗကသ

၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့က အင်းစိန်ထောင်မှာ ဖက်ဆစ်တပ်က မတရားကြိုးပေးသတ်ဖြတ်ခဲ့တဲ့ ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော် (ခ) မောင်ကျော်၊  ကိုလှမျိုးအောင် (ခ) ကိုမျိုး၊ ကိုသူရအောင် (ခ) ကိုဂတုံး တို့ (၄) ဦး ကျဆုံးခဲ့တာ ဒီကနေ့ဆိုရင် (၂) နှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ပါတယ်။


တော်လှန်ရေးရဲဘော်များ မတရားကြိုးပေး သတ်ဖြတ်ခံရခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်မြို့နယ်သပိတ်ကော်မတီ (SPTSC)၊ မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ (NGYSC) တို့ ပူးပေါင်းပြီး ဒီကနေ့ ဇူလိုင်လ ၂၃ ရက်နေ့က ရန်ကုန်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။


သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#whatshappeningnowinmyanmar #လှုပ်ရှားမှု

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ