တော်လှန်ရေးရဲဘော်များ မတရားကြိုးပေး သတ်ဖြတ်ခံရခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသနဲ့ မဟာမိတ်တွေက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၄ ဇူလိုင် ၂၃၊ ဗကသ

၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့က အင်းစိန်ထောင်မှာ ဖက်ဆစ်တပ်က မတရားကြိုးပေးသတ်ဖြတ်ခဲ့တဲ့ ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော် (ခ) မောင်ကျော်၊  ကိုလှမျိုးအောင် (ခ) ကိုမျိုး၊ ကိုသူရအောင် (ခ) ကိုဂတုံး တို့ (၄) ဦး ကျဆုံးခဲ့တာ ဒီကနေ့ဆိုရင် (၂) နှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ပါတယ်။


တော်လှန်ရေးရဲဘော်များ မတရားကြိုးပေး သတ်ဖြတ်ခံရခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်မြို့နယ်သပိတ်ကော်မတီ (SPTSC)၊ မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ (NGYSC) တို့ ပူးပေါင်းပြီး ဒီကနေ့ ဇူလိုင်လ ၂၃ ရက်နေ့က ရန်ကုန်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။


သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#whatshappeningnowinmyanmar #လှုပ်ရှားမှု

Popular Posts

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ

ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး အရာတော်မြို့နယ်မှာ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးအတော်ပုံ နှစ်ပတ်လည်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်