"ကျောင်းသားနဲ့ နိုင်ငံရေးဆိုင်လား" ဆိုတဲ့ခေါင်းစဉ်နဲ့ ဗကသများအဖွဲ့ချုပ်က ဆွေးနွေးပွဲပြုလုပ်



ဧပြီ ၁၀၊ ဗကသ

"ကျောင်းသားနဲ့ နိုင်ငံရေးဆိုင်လား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗကသများအဖွဲ့ချုပ်က ရဲဘော်တွေနဲ့ ရွှေ့ပြောင်းမြန်မာကျောင်းသားတွေ ပါဝင်တဲ့ ဆွေးနွေးပွဲတခုကို ဧပြီ ၇ ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။





အခြေအနေ အမျိုးမျိုးကြောင့် မဲဆောက်ကို ရောက်နေကြပြီး ပညာရေးနဲ့ လုံးပန်းနေရတဲ့ ရွှေ့ပြောင်းမြန်မာကျောင်းသားတွေကို နိုင်ငံရေးနိုးကြားနေဖို့နဲ့ ကိုယ့်ပြည်တွင်းနိုင်ငံရေးနဲ့ အဆက်မပြတ်နေဖို့ကို ရည်ရွယ်ပြီး ဒီဆွေးနွေးပွဲကို ပြုလုပ်ခဲ့တာပါ။





ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ရဲဘော်တွေပြုလုပ်တဲ့ပွဲကို ဗကသများအဖွဲ့ချုပ်ရဲ့မဟာမိတ် အဖွဲ့အစည်းတခုဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီက လိုအပ်တဲ့ အကူအညီတွေ ပေးခဲ့ပါတယ်။





ဓာတ်ပုံ - အိုးဝေ

#Oway #ABFSU #ဗကသ #DPNS #လူ့ဘောင်သစ် #ကျောင်းသား #နိုင်ငံရေး #ဆွေးနွေးပွဲ

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ