ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီဝင် အမည်စာရင်းများ ထုတ်ပြန်ကြေညာခြင်း
ကြေညာချက်အမှတ် - ၅/ဗကသ/၂၀၂၄
ရက်စွဲ - ၂၀၂၄ ခုနှစ် မတ်လ ၄ ရက်
စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အမြစ်ပြတ်တိုက်ဖျက်နိုင်ရေး၊ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူလူထု လွတ်မြောက်ရေး အပါအဝင် ၈ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံက ချမှတ်ပြဌာန်းခဲ့တဲ့ မူဝါဒ ၆ ရပ်နဲ့ ရည်မှန်းချက်တွေကို အရှိန်အဟုန်တိုးမြှင့်ပြီး တိုးချဲ့ဆောင်ရွက်နိုင်ဖို့အတွက် ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ (Central Organizing Committee - COC) ကို အောက်ပါရဲဘော်များနဲ့ ဖွဲ့စည်းလိုက်ပါတယ်။
၁။ ကိုမင်းခန့်နိုင် (အထွေထွေအတွင်းရေးမှူး)
၂။ ကိုကျော်သူရိန် (တွဲဖက်အတွင်းရေးမှူး - ၁)၊ (နိုင်ငံခြားရေးရာကော်မတီ တာဝန်ခံ)
၃။ ကိုမြတ်မင်းခန့် (တွဲဖက်အတွင်းရေးမှူး - ၂)၊ (ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေးကော်မတီ တာဝန်ခံ)
၄။ ကိုရှိုင်းလင်းထက် (လူထုလုပ်ငန်းကော်မတီ တာဝန်ခံ)
၅။ ကိုမြတ်ကို (မှတ်တမ်းနှင့်သုတေသနကော်မတီ တာဝန်ခံ)
၆။ မာရီယမ် (လူမျိုးစုကျောင်းသားရေးရာကော်မတီ တာဝန်ခံ)
၇။ ကိုအောင်လင်းသက် (သတင်းနှင့်ပြန်ကြားရေးကော်မတီ တာဝန်ခံ)
၈။ ကိုမင်းထက်
၉။ မခင်နီ
၁၀။ ကိုအောင်သန်း
၁၁။ ကိုတာရာ
၁၂။ ကိုထွန်းမောင်
၁၃။ မူခရစ္စတင်း
၁၄။ မစောခက်နွယ်
၁၅။ မစူးခက်
၁၆။ မနွယ်ဇင်လင်း
၁၇။ မဆုမြတ်လွင်
၁၈။ ကိုဉာဏ်ထက်နိုင်
၁၉။ ကိုမင်းခန့်ဇော်
၂၀။ ကိုဇွဲပြည့်မောင်
၂၁။ ကိုကျော်သက်နိုင်
ဗဟိုစည်းရုံးရေးကော်မတီ
ဗကသများအဖွဲ့ချုပ်