ထိုင်းလွှတ်တော်မှာ ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အလုပ်အမှုဆောင် ကိုအောင်ဖုန်းမော် တက်ရောက်ဆွေးနွေးခဲ့

၂၀၂၄ မတ် ၃၊ ဗကသ

ထိုင်းနိုင်ငံ လွှတ်တော်တွင် မတ်လ ၂ ရက်နေ့နှင့် ၃ရက်နေ့တို့တွင် ပြုလုပ်ခဲ့သည့် မြန်မာ့အရေး ဆွေးနွေးပွဲမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အလုပ်အမှုဆောင် အဖွဲ့ဝင် ကိုအောင်ဖုန်းမော် တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ “အာဏာသိမ်းပြီး သုံးနှစ်အကြာ” လို့ ခေါင်းစဉ်ပေးထားတဲ့ ဒီဆွေးနွေးပွဲကို ထိုင်းအတိုက်ခံပါတီဖြစ်တဲ့ Move Forward ပါတီက ဦးဆောင်ကျင်းပခဲ့တာပါ။


နှစ်ရက်တာ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲကို ထိုင်းနိုင်ငံလွှတ်တော်၏ အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားမဟာဗျုဟာနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီနှင့်အတူ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။


သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#UYSU #ABFSU #Thailand #Parliament #ရတကသ #ဗကသ #ထိုင်း #လွှတ်တော် #မြန်မာ့အရေး #ဆွေးနွေး

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ