ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး စစ်မှုထမ်းဥပဒေ ဆန့်ကျင်ရေး ဆန္ဒပြ


၂၀၂၄ မတ် ၁၇၊ ဗကသ

စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေကို ဆန့်ကျင်တဲ့ ပြောက်ကျားဆန္ဒပြ လှုပ်ရှားမှု တခုကို ဒီကနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


 

“ရန်ကုန်သူပုန်များ” စာသားနဲ့ ကြွေးကြော်သံတွေကို ကိုင်စွဲကာ လူငယ်တွေက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့တာပါ။


 

ဒီလှုပ်ရှားမှုကို Yangon Revolution Force - YRF၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်လူထုသပိတ် နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရရတကသ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။


 

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #YRF #ConscriptionLaw #ဗကသ #ရရတကသ #စစ်မှုထမ်း #ဥပဒေ #ပြောက်ကျား #ဆန္ဒပြ

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ