ဗကသများအဖွဲ့ချုပ်မှ ရန်ကုန်တွင် နွေဦးတော်လှန်ရေးသုံးနှစ်ပြည့်အနေဖြင့် “နီတဲ့သွေးရက်သတ္တပတ်” စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်
၂၀၂၄ ဖေဖော်ဝါရီ ၃၊ ဗကသ
ဗကသများအဖွဲ့ချုပ်က ဖေဖော်ဝါရီလ ၃ ရက်နေ့၌ ရန်ကုန်မြို့တွင် နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှုအဖြစ် “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” စာသားပါဘန်နာအား ချိတ်ဆွဲ၍ ဆေးနီပက်ဖြန်းခြင်းများ ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။