အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်တာကြောင့် ပဲခူးခရိုင် ဗကသဒုဥက္ကဌ ကိုခန့်လင်းနိုင် ကျဆုံး


၂၀၂၃ ဇူလိုင် ၈၊ ဗကသ

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကော အကျဉ်းထောင်မှာ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရတဲ့ ပဲခူးခရိုင် ဗကသဒုဥက္ကဌ ကိုခန့်လင်းနိုင်ဟာ ဖက်ဆစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးသွားပြီဖြစ်ကြောင်း မနေ့က ဇူလိုင်လ ၇ ရက်နေ့မှာ သိရပါတယ်။ ဗကသရဲဘော် ကိုခန့်လင်းနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ၂၀၂၃ ခုနှစ် မေလ ၂၈ ရက်နေ့မှာ ဖက်ဆစ်တပ်က ခေါ်ထုတ်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်ခဲ့ရာကနေ သတင်းပြန်ရချိန်မှာ ကျဆုံးသွားပြီ‌ဖြစ်ကြောင်း သိရတာပါ။


ပဲခူးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ကိုခန့်လင်းနိုင်ဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ဖက်ဆစ်တပ်ရဲ့ အကြမ်းဖက်ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ပုဒ်မ ၅၀ (ည)၊ ၅၁ (ဂ) တို့နဲ့ ထောင်ဒဏ် ၁၅ နှစ် မတရားချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။

ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ စည်းရုံးရေးမှူး ကိုနိုင်ထွန်းဦးကိုလည်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ မုံရွာထောင်ကနေ ဖက်ဆစ်တပ်က ခေါ်ထုတ်သွားခဲ့ပြီး ဒီကနေ့အထိ အဆက်အသွယ်ပြတ်တောက်နေပါတယ်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #ကိုခန့်လင်းနိုင် #ကျဆုံး #သတ်ဖြတ်ခံရ #KhantLinNaing #WhatsHappeningInMyanmar

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ဖက်ဆစ်‌တော်လှန်ရေးနေ့