ဆဲဗင်းဂျူလိုင် အရေးတော်ပုံ ၆၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က ကြာအင်းဆိပ်ကြီးမြိုနယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၃ ဇူလိုင် ၇၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ဆဲဗင်းဂျူလိုင် အရေးတော်ပုံ ၆၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယနေ့ ဇူလိုင်လ ၇ ရက်နေ့၌ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဆဲဗင်းဂျူလိုင်အခမ်းအနားတရပ် ကျင်းပပြုလုပ်ခဲ့ပါသည်။


အဆိုပါအခမ်းအနားတွင် ဗကသခွပ်ဒေါင်းအလံအား လွှင့်ထူကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ လူထုလှုံ့ဆော်ရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #7July #ဆဲဗင်းဂျူလိုင် #ဗကသ #၇၇၆၂မမေ့ကြနဲ့ #WhatsHappeningInMyanmar

Popular Posts

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

သတင်းထုတ်ပြန်ခြင်း

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty