မန္တလေးတွင် ဗကသများအဖွဲ့ချုပ်က ဆလိုင်းတင်မောင်ဦးနေ့ ၄၇ နှစ်ပြည့် အထိမ်းအမှတ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၃ ဇွန် ၂၆ ၊ ဗကသ

မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ယနေ့ ဇွန်လ ၂၆ ရက်နေ့၌ မန္တလေးမြို့တွင် “ဆလိုင်းတင်မောင်ဦးနေ့ ၄၇ နှစ်ပြည့် အထိမ်းအမှတ်” အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု၊ လူထုလှုံ့ဆော်ရေးလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါသည်။ ချင်းလူမျိုး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးသည် ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် နေဝင်းဦးဆောင်သော စစ်အာဏာရှင်များ၏ မတရားကြိုးပေး ကွပ်မျက်ခြင်းကို ခံခဲ့ရသူဖြစ်ပြီး ယနေ့ ဇွန်လ ၂၆ တွင် ကြိုးပေးကွပ်မျက်ခံခဲ့ရခြင်း ၄၇ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဆလိုင်းတင်မောင်ဦး #SalaiTinMgOo #ဆလိုင်းတင်မောင်ဦးနေ့ #ဗကသ #abfsu #whathappeninginmyanmar

eBook - https://drive.google.com/file/d/1F9V6hcFzlUFPPwvWKqPL2yI7LJhEWamg/view?usp=drivesdk

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ