ဗကသရဲဘော် ကိုထက်အောင်ထွန်းအား ဖက်ဆစ်တရားရုံးက ထောင်ဒဏ် ၁၁ နှစ် မတရားအမိန့်ချမှတ်

​


၂၀၂၃ ဧပြီ ၄၊ ဗကသ


အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ကျောင်းသားထုအခွင့်အရေးတာဝန်ခံဖြစ်သူ ကိုထက်အောင်ထွန်းအား မုံရွာမြို့နယ်တရားရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် မတ်လ ၂၉ ရက်နေ့တွင် ထောင်ဒဏ် ၁၁ နှစ် အမိန့်ချလိုက်ပြီး ကိုထက်အောင်ထွန်း၏ ဇနီးဖြစ်သူ မခိုင်ဇာလင်းအား ထောင်ဒဏ် ၅ နှစ် အမိန့်ချလိုက်ကြောင်း သိရသည်။


ဗကသရဲဘော် ကိုထက်အောင်ထွန်းနှင့် ဇနီးဖြစ်သူ မခိုင်ဇာလင်းတို့သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့၌ အရာတော်-မုံရွာလမ်းမတွင် ဖက်ဆစ်တပ်၏ အကြမ်းဖက် ဖမ်းဆီးခြင်းခံခဲ့ရကာ ယခုကဲ့သို့ မတရားအမိန့် ချမှတ်ခံရခြင်းဖြစ်ပြီး လက်ရှိတွင် မုံရွာအကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရကြောင်း သိရသည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို 

ဗကသများအဖွဲ့ချုပ် 

#ABFSU #ဗကသ #ကိုထက်အောင်ထွန်း #whathappeninginmyanmar

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ