ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌဟောင်း ကိုလင်းထက်နိုင်အား စစ်ကောင်စီက ထောင်ဒဏ်ငါးနှစ် မတရားအမိန့် ထပ်မံချမှတ်

​


၂၀၂၃ ဖေဖော်ဝါရီ ၁၃၊ ဗကသ


ဗကသများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌဟောင်းဖြစ်သူ ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းအား ယနေ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ပုဒ်မ ၅၂(ခ) ဖြင့် ထောင်ဒဏ် ၅ နှစ် မတရားအမိန့် ထပ်မံချမှတ်လိုက်သည်။ ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင်လည်း အင်းစိန်ထောင်တွင်း တရားရုံး၌ ပုဒ်မ ၅၀၅ (က) ဖြင့်ထောင်ဒဏ် ၃ နှစ် မတရားအမိန့်ချမှတ်ခံခဲ့ရပြီး ယခုဆိုလျှင် စုစုပေါင်း ထောင်ဒဏ် ၈ နှစ်အထိ မတရားချမှတ်ခံထားရသည်။


ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းအား ၂၀၂၂ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်၌ ဖက်ဆစ်တပ်ကအကြမ်းဖက်ဖမ်းဆီးခဲ့ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းက အင်းစိန်ထောင်ဗူးဝ ပေါက်ကွဲမှု/ပစ်ခတ်မှုတွင်လည်း ကိုလင်းထက်နိုင်အား ထောင်ဝင်စာ လာရောက်ပို့ဆောင်သည့် မိခင်ဖြစ်သူ ဒေါ်မေမေကြည် (ခ) ဒေါ်ကြီးမြင့် ထိခိုက်သေဆုံးခဲ့သည်။ မိခင်ဖြစ်သူ၏ နာရေးအား သွားရောက်ခွင့်ပြုရန် ကိုလင်းထက်နိုင်က တင်ပြတောင်းဆိုခဲ့သော်လည်း ထောင်အာဏာပိုင်များက ပယ်ချခဲ့သည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #ဗကသ #ကိုလင်းထက်နိုင် #ဒုဥက္ကဌဟောင်း #whatshappeninginmyanmar 


ပုံစာ -၂၀၁၅ မတ်လ၁၀ရက်နေ့တွင် အမျိုးသားပညာရေးသပိတ်စစ်ကြောင်းအား ဖမ်းဆီးအရေးယူခြင်းမပြုရန် ဆန္ဒထုတ်ဖော်ခဲ့သည့် ဗကသကျောင်းသားခေါင်းဆောင် ကိုလင်းထက်နိုင် (ခေါ်) ကိုဂျိမ်းစ်ကို ကမာရွတ်မြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ် (MPA)

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်