ကိုအောင်ဆန်း၏ (၁၀၈) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အရာတော်တွင် ဗကသများအဖွဲ့ချုပ်က လှုပ်ရှားမှုပြုလုပ်


၂၀၂၃ ဖေဖော်ဝါရီလ ၁၃၊ ဗကသ


အထက မလဲသာကျောင်သားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သည့် ကိုအောင်ဆန်း၏ (၁၀၈) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ကိုအောင်ဆန်း ပြောဆိုခဲ့သည့် မိန့်ခွန်းစာသား ဘန်နာများအား ချိတ်ဆွဲ၍ အောက်မေ့သတိရခြင်း အခမ်းအနားတခုကို အရာတော်မြို့နယ်တွင် ပြုလုပ်ကာ ပြည်သူလူထုသို့ ပဲပြုတ်နှင်နံပြား ကျွေးမွေးခဲ့ပါသည်။










အဆိုပါအခမ်းအနားတွင် အဖိနှိပ်ခံပြည်သူလူထု အလုံးစုံလွတ်မြောက်ရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် ဘုံရန်သူစစ်အာဏာရှင်စနစ်အား အမြစ်ပြတ်ချေမှုန်းရန် နှိုးဆော်တိုက်တွန်းခဲ့ပါသည်။












သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #ဗကသ #ကိုအောင်ဆန်း #koaungsan #whathappeninginmyanmar

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ