မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၃ ဇန်နဝါရီ ၁၃၊ ဗကသ


ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့၌ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ 












အဆိုပါလှုပ်ရှားမှုတွင် "တော်လှန်ရေးရဲ့အဆုံးအဖြတ်ဟာ လူထုမှတပါးအခြားမရှိ"၊ "ကြောက်ရွံခြင်းမှ ရုန်းထွက်ကြ"၊ "ဖောက်ပြန်သူမှန်သမျှ သက်ဆိုးမရှည်စေရ ရန်သူတကာကြောက်ဒူးတုန်နေစေရမယ်"၊ "နီဖို့လိုတာမဟုတ် ညီဖို့လိုတာ"၊ "ဖောက်ပြန်သူအပေါင်း တီးတဲ့စောင်းမှာ ခွပ်ဒေါင်းဘယ်ခါမကပါ" စာသားပါဘန်နာများအား ကိုင်စွဲကာ သပိတ်စစ်ကြောင်း ချီတက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက လုံခြုံရေးယူ ဝန်းရံကူညီခဲ့ပါသည်။










သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #ဗကသ #whathappeninginmyanmar

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ