ဗကသရဲဘော်များနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

​


၂၀၂၃ ဇန်နဝါရီ ၁၁၊ ဗကသ


ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့၌ မြိုင်မြို့အကြမ်းဖက်ဖြိုခွင်းခံရမှု (၁)နှစ်နှင့်(၁၀)လပြည့် အထိမ်းအမှတ်အဖြစ် "စစ်ကောင်စီနဲ့ပူးပေါင်းသူမှန်သမျှ ပြတ်ပြတ်သားသားဆန့်ကျင်ကြ"၊ "၁၁.၃.၂၀၂၁ က သွေးကြွေးကို ငါတို့မျိုးဆက်မှာ အပြီးတောင်းမယ်" စာသားပါဘန်နာများအား ကိုင်စွဲကာ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ 












အဆိုပါလှုပ်ရှားမှုတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက လုံခြုံရေးယူ ဝန်းရံကူညီခဲ့ပါသည်။












သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #ဗကသ #whathappeninginmyanmar

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ