ဗကသရဲဘော်များနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၃ ဇန်နဝါရီ ၁၁၊ ဗကသ


ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့၌ မြိုင်မြို့အကြမ်းဖက်ဖြိုခွင်းခံရမှု (၁)နှစ်နှင့်(၁၀)လပြည့် အထိမ်းအမှတ်အဖြစ် "စစ်ကောင်စီနဲ့ပူးပေါင်းသူမှန်သမျှ ပြတ်ပြတ်သားသားဆန့်ကျင်ကြ"၊ "၁၁.၃.၂၀၂၁ က သွေးကြွေးကို ငါတို့မျိုးဆက်မှာ အပြီးတောင်းမယ်" စာသားပါဘန်နာများအား ကိုင်စွဲကာ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ 












အဆိုပါလှုပ်ရှားမှုတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက လုံခြုံရေးယူ ဝန်းရံကူညီခဲ့ပါသည်။












သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #ဗကသ #whathappeninginmyanmar

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ