မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
၂၀၂၂ ဒီဇင်ဘာ ၂၊ ဗကသ
ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) နှင့် ဒေသခံလူထု ပူးပေါင်း၍ "လူဖြစ်ခြင်းရဲ့ ပြည့်ဝတဲ့အဓိပ္ပါယ် တို့တော်လှန်မှရလိမ့်မယ်"၊ "ဒီမိုကရေစီကိုစျေးမဆစ်နဲ့ အကုန်ရရင်ရ မရရင်ဘာတခုမှမလိုချင်ဘူး"၊ "ရန်သူကညှိနှိုင်းလို့မရတဲ့ ရန်သူ၊ ရန်သူနဲ့ညှိနှိုင်းတဲ့သူဟာလည်း ရန်သူပဲဖြစ်မှာပဲ" စာသားပါဘန်နာများအား ကိုင်စွဲ၍ ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့၌ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။
ဓာတ်ပုံ - IRW CJ
သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ #whathappeninginmyanmar