အရာတော်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ နိုဝင်ဘာ ၁၉၊ ဗကသ


အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထကမလဲသာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ဦးဆောင်သော ကျောင်းသားလူငယ်များ၊ ဒေသခံပြည်သူများ ပါဝင်သည့် လူထုသပိတ်စစ်ကြောင်းသည် မနေ့က နိုဝင်ဘာလ ၁၈ ရက်နေ့တွင် "ပြည်သူညီမှ ပြည်သစ်ရမယ်"၊ "ကြားကာလပညာရေး ရေရှည်တည်မြဲဖို့ ပူးပေါင်းပါဝင်ကြပါစို့" စာသားပါဘန်နာများအား ကိုင်​ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို အရာတော်မြို့နယ်၌ ပြုလုပ်ခဲ့ပါသည်။










အဆိုပါလှုပ်ရှားမှုတွင် ပြည်သူ့တော်လှန်စစ်၏ လက်ရှိအခြေအနေများနှင့် မိမိတို့ပြည်သူများ ပါဝင်နိုင်မည့်အကြောင်းအရာများ၊ ကြားကာလကိုယ်ထူကိုယ်ထ ပညာရေးကျောင်းများ အကောင်အထည်ဖော်နိုင်ရန် ဝိုင်းဝန်းကူညီရမည့် အကြောင်းအရာများအား ပြည်သူလူထုထံ တင်ပြဆွေးနွေးခဲ့သည်။










လူထုသပိတ်စစ်ကြောင်း လုံခြုံရေးအတွက် ကူညီဝန်းရံပေးပါသော နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တော်လှန်ရေးရဲဘော်များအား ကျေးဇူးအထူးတင်ရှိပါသည်။


မှတ်ချက်။ ။ ဖက်ဆစ်တပ်က အရာတော်မြို့နယ်အား ဆက်သွယ်ရေးဖြတ်တောက် ပိတ်ဆို့ထားသောကြောင့် သတင်းထုတ်ပြန်မှု နောက်ကျခြင်းဖြစ်သည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#ABFSU #ဗကသ #WhatsHappeningInMyanmar

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ