မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
၂၀၂၂ အောက်တိုဘာ ၇၊ ဗကသ
ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူလူထုပူးပေါင်း၍ "ဖိနှိပ်ခံတို့ညီညွတ်ကြ စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ"၊ "စစ်ကောင်စီနဲ့ပူးပေါင်းသူမှန်သမျှ ပြတ်ပြတ်သားသားဆန့်ကျင်ကြ"၊ "ရန်သူကရန်ငါပြတ်သလို ငါတို့လည်း ကောက်ရိုးမီးမဟုတ်ကြောင်း ပြဖို့လိုတယ်" အစရှိသည့် စာသားပါဘန်နာများဖြင့် ယနေ့ အောက်တိုဘာလ ၇ ရက်နေ့၌ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။
ဓာတ်ပုံ - BEGSC Myaing
သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #whathappeninginmyanmar