မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
၂၀၂၂ အောက်တိုဘာ ၄၊ ဗကသ
ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ "ဗမာပြည်သစ်အတွက်တိုက်ပွဲဝင်ကြ ပြည်သူ့အာဏာတည်ဆောက်ကြ"၊ "ကျောင်းသားရှိလျှင် ကျောင်းသားသမဂ္ဂရှိရမယ်"၊ "အဖိနှိပ်ခံလူတန်းစားအားလုံး ပြိုင်တူထကြွရုန်းထွက်ကြ" အစရှိသည့် စာသားပါဘန်နာများဖြင့် ယနေ အောက်တိုဘာလ ၄ရက်နေ့၌ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။
ဓာတ်ပုံ - BEGSC Myaing
သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #whathappeninginmyanmar