မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ အောက်တိုဘာ ၂၈၊ ဗကသ


ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ "တိုင်းရင်းသားလူမျိုးပေါင်းစုံသွေးစည်းညီညွတ်ရေးမှသည် ဖက်ဒရယ်ဒီမိုကရေစ်ီနိုင်ငံတော်သစ်ဆီသို့"၊ "ဒီမိုကရေစီကိုစျေးမဆစ်နဲ့ အကုန်ရရင်ရ မရရင်ဘာတခုမှမလိုချင်ဘူး"၊ "တောင်းဆိုနေတာမဟုတ် တိုက်ယူနေတာ"၊ "နည်းနာအစုံသူပုန်ထ စစ်သုံးစစ်ကိုအမြစ်ဖြတ်"၊ "ဒီအချိန်မှာမစည်းလုံးရင် ဘယ်အချိန်မှ စည်းလုံးမှာလဲ"၊ "ဖိနှိပ်သူနဲ့ဖိနှိပ်ခံပဲရှိတယ် ဘာသာလူမျိုးမခွဲခြားဘူး"၊ "ရန်သူက ညှိနှိုင်းလို့မရတဲ့ရန်သူ၊ ရန်သူနဲ့ညှိနှိုင်းတဲ့သူဟာလည်း ရန်သူပဲဖြစ်မှာပဲ" စာသားပါဘန်နာများဖြင့် မြိုင်မြို့နယ်၌ ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။ 
































ဓာတ်ပုံ - BEGSC Myaing


သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #whathappeninginmyanmar

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ