မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ အောက်တိုဘာ ၂၆၊ ဗကသ


ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌဟောင်း ရဲဘော်ညီမင်းသူ ကျဆုံးခြင်း (၈)လပြည့် အထိမ်းအမှတ်အဖြစ် "ညီမင်းသူကိုသာ သတ်လို့ရမယ် ညီမင်းသူစိတ်ဓာတ်ကို သတ်လို့မရဘူး"၊ "နည်းနာအစုံသူပုန်ထ စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ"၊ "စစ်ရာဇဝတ်ကောင်တွေကို လူထုအားနဲ့အပြတ်ရှင်းကြ"၊ "နင်းသတ်လို့မသေ ဆက်တိုက်လို့နေ"၊ "ဒီအချိန်မှာမစည်းလုံးရင် ဘယ်အချိန်မှစည်းလုံးမှာလဲ"၊ "တောင်းဆိုနေတာမဟုတ် တိုက်ယူနေတာ" စသည့် စာသားပါဘန်နာများဖြင့် မြိုင်မြို့နယ်၌ ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။ 
























ဓာတ်ပုံ - IRW CJ


သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #whathappeninginmyanmar

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ