အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်၍ ဒေသခံကာကွယ်ရေးခေါင်းဆောင်များကျဆုံးခြင်း (၁) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအခမ်းအနား ပြုလုပ်


၂၀၂၂ အောက်တိုဘာ ၁၀၊ ဗကသ


အထက ခွဲ ကဲဘာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်၍ အရာတော်မြို့နယ်တွင် အောက်တိုဘာလ ၉ ရက်နေ့၌ ဗကသခွပ်ဒေါင်းအောင်လံတော်အား လွင့်ထူကာ ဒေသခံကာကွယ်ရေးခေါင်းဆောင်များကျဆုံးခြင်း (၁) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ကဲဘာအာဇာနည်နေ့ အခမ်းအနားတရပ်အဖြစ် ပြုလုပ်ခဲ့ပါသည်။








အဆိုပါအခမ်းအနားတွင် "တော်လှန်ရေးက သစ်ပင်ဆိုရင် ဗိုလ်အောင်စည် နှင့်ဗိုလ်စိုးမိုးက ရေသောက်မြစ်တွေဖြစ်တယ်" စာသားပါဘန်နာအား ချိတ်ဆွဲကာ နိုင်ငံရေးသဘောတရားများဟောကြားခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ အခမ်းအနားသို့ သက်ဆိုင်ရာအဖွဲ့အစည်းများမှ တက်ရောက်ဂါရဝပြုခြင်းများ ပြုလုပ်ခဲ့ကြပါသည်။








သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #whathappeninginmyanmar

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ