ဗကသရဲဘော်ဟောင်း ဦးညီညီ ကွယ်လွန်ခြင်း ဝမ်းနည်းကြောင်း သဝဏ်လွှာ



သဝဏ်လွှာအမှတ် - ၁၂/ဗကသ/၂၀၂၂

ရက်စွဲ - ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်


                          ဗကသများအဖွဲ့ချုပ် ရဲဘော်ဟောင်း ဦးဝင်းညီအေး (ခ) ဦးညီညီ (အသက် ၄၈ နှစ်) သည် စက်တင်ဘာလ ၈ ရက် နေ့လည် ၁၂:၀၀ နာရီအချိန်တွင် (၉၆) ပါးသော ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသဖြင့် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါသည်။


                          ရဲဘော် ဦးညီညီ သည် ဗကသများအဖွဲ့ချုပ်၏ တာဝန်ဝတ္တရားများကို ဘဝတလျှောက်လုံး နည်းလမ်းပေါင်းစုံဖြင့် ထမ်းရွက်ခဲ့သူ၊ ဗကသများအဖွဲ့ချုပ်၏ အလံတော်ကို ဘဝတလျှောက် သယ်ဆောင်ချီတက်ခဲ့သူ၊ ဘဝ၏နောက်ဆုံးသောအချိန်အထိ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ရပ်တည်ချက် ခိုင်ခိုင်မြဲမြဲရှိခဲ့သူဖြစ်ပါသည်။


                          ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်အနေဖြင့် ရဲဘော်ဦးညီညီ ၏ စွန့်လွှတ်ပေးဆပ်မှုများနှင့် တိုက်ပွဲဝင်စိတ်ဓါတ်များကို အစဉ်အမြဲ အောက်မေ့သတိရနေမည်ဖြစ်ပြီး မပြီးပြတ်သေးသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲကို အဖိနှိပ်ခံပြည်သူလူထုနှင့်အတူ လက်တွဲပူးပေါင်း၍ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။


ဗဟိုအမှုဆောင်အဖွဲ့

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ